|
Dies Irae Mm Sub
Genres :Action,Super Power,Magic
Duration:23 min per
Rating :R -17+ (violence & profanity) Dies Irae/Day of Wrath ~~~~~~~~~~~~~~~~~~~ Type - Action,Supernatural,Gore,Nazis Review Crd- PSVita ဂိမ်းအဖြစ် နဲ့ကော, Visual Novel အနေနဲ့ပါ အောင်မြင်ထားတဲ့ စီးရီးတစ်ခုပါ။ ဒီစီးရီးမှာတော့ Naziတွေပါလာအုံးမှာဖြစ်ပြီး God level အဆင့်ရှိတဲ့ Overpowered ဇာတ်ကောင်တွေရဲ့တိုက်ပွဲအလန်း တွေကို မြင်တွေ့ရမှာပါ။ ဒုတိယကမ္ဘာစစ် 1945 ခုနှစ် မေလ 1ရက်နေ့ ဘာလင်မှာ နာဇီလူစုတစ်စုဟာ ယဇ်ပူဇော်ပွဲ ပြုလုပ်ပြီး ကမ္ဘာ့ကို ဖျက်ဆီးနို်င်တဲ့ စွမ်းအားရှိတဲ့ အင်အားစု တစ်စုဖြစ်တဲ့ Order of 13 lances ကို ဖန်တီးခဲ့ပါတယ်။ သိုပေမဲ့ အောင်မြင်လား/ မအောင်မြင်ဖူးလား မသိခဲ့ရဘဲ ကမ္ဘာစစ်ပြီးနောက် ထိုအဖွဲ့ဟာပျောက်ခြင်းမလှပျောက်ကွယ်သွားပါတယ်။ အခုခေတ်ဘက်မှာတော့ Ren Fuji ဟာ အချစ်ခင်ဆုံးသူငယ်ချင်း Shirou နဲ့ ပြသာနာတစ်ခုကို အခြေခံပြီး အသေအကြေထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ အနားယူနေရပါတယ်။ ဒီကိစ္စတွေကြောင့် ကျောင်းကနေ နားရတော့မလိုဖြစ်နေပေမဲ့ ငယ်သူငယ်ချင်း Kasumi နဲ့ အတန်းကြီးတဲ့ Senior Himura တို့ရဲ့ ကူညီမှုကြောင့် ဖြစ်ခဲ့သမျှအရာအားလုံးကို မေ့ပျောက်နိုင်ဖို့ အားမွေးနိုင်ခဲ့ပါတယ်။ သို့ပေမဲ့ ညဘက် အိပ်တဲ့အချိန်တိုင်း လူတွေ အစုံလိုက် အပြုံလိုက်အသတ်ခံနေရတဲ့အိပ်မက်ဆိုးတွေ မက်နေပါတယ်။ဒီလိုအိပ်မက်ဆိုးတွေမက်နေတုန်းမှာပဲ မြို့မှာ ရှိတဲ့သူတွေ လက်သည်မပေါ် အသတ်ခံနေရတဲ့ ကိစ္စတွေဖြစ်ပေါ်လာပြီး အသတ်ခံရသူတွေကလဲ ရက်ရက်စက်စက်အသတ်ခံထားရတာပါ။ အဲ့အချိန်မှာ Ren ခေါင်းထဲ Shirou ပြောခဲ့ တဲ့ စကားတစ်ခွန်းကို ပြန်သတိရလိုက်ပါတော့တယ်။ '' မြို့ ထဲမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့သူတွေအားလုံးရဲ့ စိတ်တွေ မကြာခင် ရှုးသွပ်ကြတော့မယ်''ဆိုတာပါ။ ဒါကြောင့်သူအတွက် ဘယ်အိပ်မက်ဆိုးတွေက ထပ်ပြီးစောင့်ကြိုနေမလဲ။ဘာတွေဆက်ဖြစ်မလဲ ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။ Action ကြမ်းကြမ်းနဲ့ God level ဇာတ်ကောင်တွေရဲ့ တိုက်ပွဲ အများကြီးပါတာကြောင့်ကြည့်ရကျိုးနပ်စေမှာပါ။ |
Labels: Series








